နှစ်တွေလဲအလီလီပြောင်းခဲ့ပြီး ဟိုတုန်းက ၂၀၀၈ ဆိုတာကြာခဲ့ပြီးပေါ့။ အတူတကွလုပ်ကိုင်ခဲ့တဲ့ ညီအစ်ကိုတွေလဲဘယ်ကိုရောက်လို့ဘယ်ကိုပေါက်နေကြပြီးလဲမသိတော့ဘူး။ မလေးရှားမျာ သုံးနှစ်နေပြီး ။ မြန်မာပြည်မှာ ၄ နှစ်လောက် ကိုယ်ပိုင်စီးပွားရေးလုပ်နေရင်းနဲ့ မလေးရှားကို တစ်လအလည်လာဖြစ်တယ်။ December ရဲ့ ၂၀၁၁ ပေါ့။ မလေးရှားကိုလာပေမဲ့ japamala resort ကို မရောက်ဖြစ်ခဲ့ပါဘူး။ ဒီ resort မှာ အလုပ်လုပ်နေကြတဲ့ ညီအစ်ကိုမောင်နှမတွေအားလုံး ဘ၀တိုက်ပွဲအတွက် ဆက်လက်ရင်ဆိုင်ကြရမယ်ဆိုတာ... အစ်ကိုသိပါတယ်။ ဘ၀ဆိုတာဒီလိုပါပဲ။ ဒီပို့စ်ကနေ ဒီမှာအလုပ်လုပ်ဘူးတဲ့ မောင်နှမတွေအားလုံးကို ထပ်မံပြီးတော့ဖိတ်ခေါ်လိုက်ပါတယ်။ ဒီဘလော့ဂ်လေးကို ဆက်လက်ရှင်သန်ဖို့အတွက် ဒီအောက်မှာ comment ပေးပြီး email လိပ်စာ ရေးထားခဲ့ပေးပါ။ ကိုယ့်ရဲ့ ခံစားချက်နဲ့ အလွမ်းပြေ စာတွေ၊ ကဗျာတွေ၊ ဓာတ်ပုံတွေကို ကိုယ်ကိုတိုင် ဆက်လက်တင်လို့ရပါတယ်။ အစ်ကိုနဲ့ ဆက်သွယ်ခြင်တယ်ဆိုရင်တော့ vichan00@gmail.com ကို စာပို့ဆက်သွယ်နိုင်ပါတယ်။ အစ်ကို့ရဲ့သီးသန့် ရိုက်ထားတဲ့ tioman island က အခြားပုံတွေကိုကြည့်ခြင်တယ်ဆိုရင်တော့ www.chitoo.wordpress.com ကိုနှိပ့်ပါ။ အခြားလေ့လာစရာ ဆိုဒ်ကတော့ www.chitoophoto.blogspot.com နဲ့ www.mm-bloggers.blogspot.com ပဲဖြစ်ပါတယ်။ လေးစားလျှက် ကိုချစ် (K) vichan
Labels: ကိုချစ်
Labels: အားလုံ့းကိုနှတ်ဆက်ခဲ့ပ့ါတယ်
ညီအစ်ကိုများအားလုံးကို နုတ်ဆက်ခဲ့ပါတယ်။ အစ်ကိုကြီး ပြန်သွားပြီးနောက်ပိုင်းအားလုံးအဆင်ပြေကြပါစေလို့။
ညီငယ်များအားလုံးအဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ချစ်သော
ကိုချစ်
Labels: good bye
ကိုချစ်ဦး vichan00@gmail.com
ကိုခိုင်
ကိုထွဋ်
ဆံရှည်
ဇွဲမာန်
သန်းစိုး
ဇော်ခက်
သြစီ
Labels: email
ခုနောက်ပိုင်း ကျွန်တော် တို့အဖွဲ့တွေ post မတင် ဖြစ်တာ ကြာသွားတဲ့ အတွက် blogger သူငယ်ချင်များကို တောင်းပန်ပါတယ်ဗျာ။ အကြောင်းလေးတွေ ရှိနေလို့ နောက်ပိုင်း အစဉ်ပြေသလိုတင်ပေးသွားမှာပါ ခင်ဗျာ...
စောင့်မျှော်ဖတ်ရှူကြပါလို့.....
ရွှေဘွိုင်း
our resort...
သူဘယ်မှာလဲ
ဒါလေးတွေပဲရှိတယ်
ရွှေဘွိုင်း..
Labels: travelling
ကျွန်တော်တို့အဖွဲ့ဆီကိုလာရောက် အားပေးကြတဲ့မိတ်ဆွေများကို အထူးပဲကျေးဇူးတင်ပါတယ်။
ရွှေဘွိုင်း..
Labels: Advanture
ကျွန်တော်တို့အဖွဲ့ဆီကိုလာရောက် အားပေးကြတဲ့မိတ်ဆွေများကို အထူးပဲကျေးဇူးတင်ပါတယ်။
ရွှေဘွိုင်း..
Labels: ရှု့ခင်း
ငါ့ရဲ့ရင်ထဲကို လှစ်ကနဲဝင်လာပြီး
တိတ်တဆိတ်ပြန်ထွက်သွားသူရေ
မင်းဝင်ပြီး မွှေနှောက်သွားလို့
ငါ့ရင်တွေဗလောင် ဆူကုန်ပြီ
ခါးသီးလွန်းတဲ့ ဝေဒနာတွေကို
ထပ်မပေးပါနဲ့တော့
ငါ့ရဲ့လတ်လတ်ဆတ်ဆတ်အသဲလည်း
ဒဏ်ရာတွေဗလပွဖြစ်ကုန်ပြီ
အဲဒါကို ဘယ်လိုမှကုနိုင်မှာမဟုတ်ဘူး
ရင်ဘတ်ဟောင်းလောင်းကြီးနဲ့
အသဲကွဲကမ်းခြေမှာနေနေရတာ
အရမ်းခံစားရခက်တယ်ကွာ
ကျေးဇူးပြုပြီး ငါ့ဆီကိုပြန်လာပါကွာ
ငါတောင်းပန်ပါတယ်.
အကြိမ်ကြိမ်အခါခါ
အနူးညွတ်တောင်းပန်လျက်
မင်းပြန်လာမယ့်နေ့တွေကို
ကြိုတင်တွေးဆ နေမိတယ်
ချစ်သူရယ်.......................
လှရဲ့လားလို့...မမေးပါနဲ့
အပြုံးတစ်ပွင့်...ရင်ကိုစွဲငြိ
မိုးပေါ်ကနတ်သ္မီး...ခေါင်းငုံ့သွား၏...။
ချစ်ရဲ့လားလို့...မမေးပါနဲ့
ရင်ကိုခွဲကြည့်...မင်းပဲရှိတယ်
နှလုံးသားက...သက်သေထူမယ်...။
တမ်းတရဲ့လား...မမေးပါနဲ့
စက္ကန့်မလပ်...နှလုံးစည်းချက်
နာမည်ခေါ်သံ...ငါကြားနေတယ်...။
ရေမြေတွေခြား...ဝေးကွာသွားရင်
လွမ်းမှာလားလို့...မမေးပါနဲ့
ခွဲရမည့်စကား...မပြောစေလို
မင်းပဲအနားမှာ...ရှိစေလိုတယ်...။
Labels: ကိုထွဋ်(ကဗျာ)






![See in fullscreen [Press F11] Fullscreen](http://btemplates.googlepages.com/fullscreen.gif)
